“ဂျပန်နိုင်ငံမှ ပေးအပ်မည့် MEXT Scholarship 2027 အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားနိုင်”

20 Apr

ဂျပန်နိုင်ငံမှပေးအပ်မည့် MEXT Scholarship 2027 အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရပါတယ်။ MEXT Scholarship 2027 အတွက် လျှောက်လွှာလက်ခံခြင်းကို ဧပြီလအတွင်း တရားဝင်ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ လျှောက်ထားမည့်သူများအနေနဲ့ ပြီးခဲ့သည့်နှစ် MEXT Scholarship 2026 ၏ ညွှန်ကြားချက်များနှင့် ပြင်ဆင်ရမည့် စာရွက်စာတမ်းများကို ကိုးကား၍ ကြိုတင်လေ့လာပြင်ဆင်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ MEXT Scholarship 2026 က ပြည်တွင်း/ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများအား လျှောက်ထားခွင့် ပြုခဲ့ကြောင်း သိရပါတယ်။ လျှောက်ထားသည့်လုပ်ငန်းစဉ်နှင့် သတ်မှတ်ထားသော အချိန်ဇယားများသည် နိုင်ငံအလိုက် ကွဲပြားမှုများ ရှိတတ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံရှိ ဂျပန်သံရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံးထံ မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။(NVS-004)

20 Apr

ADVERTISE HERE .