“ဧရာဝတီတိုင်းဒေသကြီးသို့ သုံးလတာကာလအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်”

20 Apr

ဧရာဝတီတိုင်းဒေသကြီးသို့ ယခုနှစ် သုံးလတာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခုနစ်သိန်း ခန့် ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ အဆိုပါဝင်ရောက်မှုမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်နှစ်ဆန်းပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ၂၂၀,၀၀၀ ကျော်နှင့် ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေသို့ ခရီးသွားဧည့်သည် ၁၆၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁၉ သိန်းကျော်၊ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁၅ သိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လိုင်စင်ထုတ် ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၂၆ လုံး၊ အခန်းပေါင်း ၅,၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင်ထုတ်ပေး ထားတဲ့ တည်းခိုရိပ်သာ ၄၄၃ လုံး၊ အခန်းပေါင်း ၆,၈၁၃ ခန်းရှိပြီး စုစုပေါင်းဟိုတယ်နှင့်တည်းခိုရိပ်သာ ၅၆၉ လုံး အခန်းပေါင်း ၁၂,၂၈၈ ခန်းရှိကြောင်း သိရပါတယ်။ (NVS-004)

20 Apr

ADVERTISE HERE .