“2026 Rolex Monte Carlo Masters ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဆင်နာ”

20 Apr

ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်လျက်ခဲ့တဲ့ အမျိုးသားတင်းနစ်ပြိုင်ပွဲ 2026 Rolex Monte Carlo Masters တင်းနစ်ပြိုင်ပွဲမှာ အီတလီတင်းနစ်ကစားသမား ဆင်နာ က ချန်ပီယံဆု ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါ အီတလီတင်းနစ်ကစားသမား ဆင်နာ က 2026 Rolex Monte Carlo Masters တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ဂျာမနီတင်းနစ်ကစားသမား ဇီဗာရာ ကို ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဆင်နာ က 2026 Rolex Monte Carlo Masters တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိကြောင်းနဲ့ ယခုလိုဆုတွေအပြင် နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

20 Apr

ADVERTISE HERE .