“၂၀၂၆ ယူ-၂၀ အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဂျပန်အသင်း”

20 Apr

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၂၆ ယူ-၂၀ အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ အအောင်မြင်မှုအများဆုံးဖြစ်တဲ့ ဂျပန်အသင်းက ထပ်မံဗိုလ်စွဲခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့ ဆုံတွေ့ခဲ့ပြီး ဂျပန်အသင်းက ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဂျပန်အသင်းဟာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲစဉ်တိုင်းအနိုင်ရပြီး ခြောက်ပွဲကစား ၂၁ ဂိုးသွင်းကာ နှစ်ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ ဂျပန်အသင်းဟာ အခုပြိုင်ပွဲမတိုင်ခင် ၂၀၀၂၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၇နဲ့ ၂၀၁၉ ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့လို့ ခုနစ်ကြိမ်မြောက်ဗိုလ်စွဲခဲ့ပါတယ်။ ဂျပန်အနေနဲ့ ပြိုင်ပွဲနောက်ဆုံး ငါးကြိမ်မှာ လေးကြိမ် ချန်ပီယံဖြစ်ခဲ့ ပါတယ်။ ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့တဲ့ တရုတ်နဲ့ တောင်ကိုရီးယားအသင်းတွေကတော့ ပူးတွဲတတိယ ရရှိခဲ့ပါတယ်။ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ တောင်ကိုရီးယားအသင်းတွေဟာ ပိုလန်နိုင်ငံမှာ စက်တင်ဘာလ အတွင်းကျင်းပမယ့် ၂၀၂၆ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ (NVS 008)

20 Apr

ADVERTISE HERE .