“ချဲလ်ဆီးအသင်းကို အနိုင်ရခြင်းဟာ ကြီးမားတဲ့နိုင်ပွဲဖြစ်တယ်လို့ဆိုတဲ့ မိုက်ကယ်ကာရစ်”

20 Apr

မန်ယူအသင်းနည်းပြ မိုက်ကယ်ကာရစ် က ချဲလ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရယူပြီးနောက် ကြီးမားတဲ့နိုင်ပွဲဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ မန်ယူအသင်းက တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်မှုကနေ အနိုင်ဂိုးရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက အဆုံးသတ်သေချာမှု မရှိတာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ရာသီပြီးဆုံးဖို့ ငါးပွဲအလိုမှာ ၅၈ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပါတယ်။ မန်ယူအသင်းအနေနဲ့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်း ခံစစ်ပိုင်းမှာ နောက်ခံအတွင်းလူတွေ ပွဲပယ်နဲ့ ဒဏ်ရာပြဿနာတွေရှိနေလို့ ၁၉ နှစ်အရွယ် ဟယ်ဗင် နဲ့ နောက်ခံကစား မာဇရာဝီ တို့ကို တွဲကစားခဲ့ရတာ ဖြစ်ပါတယ်။ ကာရစ်က ပွဲအပြီးမှာ Clean Sheet ရရှိခဲ့တဲ့ ဟယ်ဗင် နဲ့ မာဇရာဝီ တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။ (NVS 008)

20 Apr

ADVERTISE HERE .