“ပရီးမီးယားလိဂ် လက်ကျန်ငါးပွဲစလုံး အနိုင်ရနိုင်တယ်လို့ စပါးနည်းပြ ကြုံးဝါး”
20 Apr
စပါးအသင်းနည်းပြ ဒီဇာဘီ က အသင်းအနေနဲ့ ပရီးမီးယားလိဂ် လက်ကျန်ငါးပွဲစလုံး အနိုင်ရနိုင်တယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဒီဇာဘီ ဟာ ဘရိုက်တန်နဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးအထိ နာကျင်အချိန်ပို ငါးမိနစ်မှာ ချေပဂိုးပြန်လည်ပေးခဲ့ရတာဖြစ်ပါတယ်။ စပါးအသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ် နိုင်ပွဲ မရှိသေးတဲ့အပြင် အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်အဆင့် ၁၈ နေရာမှာ ရမှတ် ၃၁ မှတ်နဲ့ ရပ်တည်နေပါတယ်။ နော်တင်ဟမ်နဲ့ ဝက်စ်ဟမ်းအသင်းကသာ အခုတစ်ပတ်အဝေးကွင်းပွဲတွေမှာ အနိုင်ရခဲ့ပါက စပါးအသင်း အခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ (NVS 008)
20 Apr