“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်နေဟု အမေရိကန်နှင့်အီရန်တို့ အပြန်အလှန်စွပ်စွဲ”

20 Apr

အမေရိကန်ပြည်ထောင်စုနှင့်အီရန်နိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက် နေသည်ဟု ဧပြီလ ၁၉ ရက်တွင် အပြန်အလှန်စွပ်စွဲလိုက်သည်။ အမေရိကန်က အီရန်၏ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းများကို ပိတ်ဆို့ထားခြင်းမှာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး တရားမဝင်သော ရာဇဝတ်မှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမာအီဘာဂါအီ ကပြောသည်။ တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြင်းထန်စွာချိုးဖောက်နေကြောင်း စွပ်စွဲထားသည်။ သဘောတူညီချက်တစ်ခုကို နည်းလမ်းကောင်းဖြင့်ဖြစ်စေ၊ နည်းလမ်းကြမ်းဖြင့်ဖြစ်စေ တစ်မျိုးမဟုတ်တစ်မျိုးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထရမ့်က ပြော သည်။ ထို့ပြင် ဧပြီလ ၂၀ ရက်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အီရန်နှင့်ဆွေးနွေးပွဲအသစ်အတွက် ပါကစ္စတန်နိုင်ငံသို့သွားမည်ဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးထားသည်။ အမေရိကန် အနေဖြင့်မျှတပြီးသင့်လျော်မှုရှိသော သဘောတူညီချက်တစ်ခုကို ကမ်းလှမ်းထားကြောင်း၊ အကယ်၍ အီရန်ဘက် မှလက်မခံပါက အီရန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားအားလုံးကို အမေရိကန်က ဖျက်ဆီးမည် ဖြစ်ကြောင်းဟု ထရမ့်ကသတိပေးထားသည်။ လက်ရှိတွင် နှစ်ဖက်တင်းမာမှုများကြောင့် ဟော်မုရေလက်ကြားကို ပိတ်ဆို့ထားရဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Apr

ADVERTISE HERE .