“ဓမ္မကာယကျောင်းမှာ ကျောင်းပေါင်း ၄၀,၀၀၀ မဟာသံဃဒါနလှူဒါန်းပွဲကြီးကျင်းပမည်”
20 Apr
ထိုင်းနိုင်ငံ၊ ဓမ္မကာယကျောင်းတိုက်မှာ လာမယ့်ဧပြီလ ၂၂ ရက်တွင် ကျောင်းပေါင်း ၄၀,၀၀၀ မဟာသံဃဒါန လှူဒါန်းပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပြီး လှူဒါန်းမည့်ပစ္စည်းများ နေရာချကုသိုလ်ယူခြင်းများကို သံဃာတော်များနှင့် စေတနာ့ဝန်ထမ်းများက ဝေယျာဝစ္စကုသိုလ်အဖြစ် ဆောင်ရွက်တော်မူလျက် ရှိပါတယ်။ အဆိုပါမဟာသံဃဒါနလှူဒါန်းပွဲကြီးမှာ တက်ရောက်ကုသိုလ်ယူရန် မြန်မာနိုင်ငံမှ ဆရာကြီးဒေါ်ရူပသိင်္ဂီ ဦးဆောင်သော သီလရှင်ဆရာကြီး/ဆရာလေးများ၊ တော်ဝင်မာတာဖောင်ဒေးရှင်းမှ သီလရှင်ဆရာကြီးများ၊ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်၏ တနင်္လာသန့်ရှင်းရေးအသင်းမှ ဒေါ်တင်တင်ဦးဆောင်သော သူငယ်ချင်းများအဖွဲ့တို့ ဧပြီလ ၁၈ ရက်က ဓမ္မကာယကျောင်းတိုက်ကြီးသို့ ရောက်ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့လည်း မဟာသံဃဒါနလှူဒါန်းပွဲကြီးတွင် ဝေယျာဝေစ္စကုသိုလ်ယူနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။