“ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ”
20 Apr
၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီခွဲအချိန်မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဩဝါဒါစရိဘယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ငါးပါသီလခံယူဆောက်တည် ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့ပါတယ်။ အဲဒီနောက် ဆရာတော်ကြီးများမှ ဩဝါဒကထာချီးမြှင့်ခဲ့ပြီး ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။