“တာချီလိတ်မြို့မှာ ဧပြီ၊ မေ၊ ဇွန် ၃ လစာ သုံးစွဲယူနစ်ဓာတ်အားခများကို လျှော့ချကောက်ခံမည်”
20 Apr
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ဧပြီ၊ မေ၊ ဇွန် ၃ လတာအတွက် သုံးစွဲယူနစ်ဓာတ်အားခများကို ပထမအကြိမ်အဖြစ် လျှော့ချပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကနေ သိရပါတယ်။ ဧပြီလသုံးစွဲယူနစ်ဓာတ်အားခမှ မေလနှင့် ဇွန်လထိ ၃ လစာသုံးစွဲယူနစ်ဓာတ်အားခများကို အိမ်သုံး မီတာတစ်ယူနစ်လျှင် ၅ ဒသမ ၇ဝ ဘတ်၊ လုပ်ငန်းသုံးပါဝါမီ တာတစ်ယူနစ်လျှင် ၇ ဒသမ ၁ဝ ဘတ်သို့ ပထမအကြိမ် လျှော့ချပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုလျော့ချပြောင်းလဲကောက်ခံရခြင်းမှာ ကမ္ဘာ့လောင်စာဆီဈေးနှုန်း တိုးမြှင့်မှုများကြောင့် ဓာတ်အား သုံးစွဲသူများဝန်ထုပ်ဝန်ပိုးလျှော့ကျစေရန်အတွက်ဖြစ်ပြီး ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလသုံးစွဲယူနစ်မှစတင်၍ အိမ်သုံးမီတာတစ်ယူနစ်လျှင် ၅ ဒသမ ၈ဝ ဘတ်၊ လုပ်ငန်းသုံးပါဝါမီတာတစ်ယူနစ်လျှင် ၇ ဒသမ ၂ဝ ဘတ် ကောက်ခံ ဖြန့်ဖြူးခဲ့ခြင်းဖြစ်ပါတယ်။