“မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ လျှပ်စစ်မီးအားသွင်းခြင်းဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးနေ”

20 Apr

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ လျှပ်စစ်မီး အားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ မီးစက်ဝင်း၊ မြို့သစ်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းပိုင် အရေးပေါ်မီးပျက်တိုင်ကြားရန်ဌာန၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်းတို့မှာ လျှပ်စစ်မီးအားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို ဝန်ဆောင်မှုပေးနေတဲ့နေရာများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဧပြီလ ၁၈ ရက်ည နေပိုင်းမှာ သွားရောက်၍ နေ့စဉ်လျှပ်စစ်မီးဖြင့် အသုံးပြုတဲ့ EV ဆိုင်ကယ်၊ ဖုန်း၊ Power Bank များ၊ အားသွင်း မီးသီး/မီးလုံးများ အားဖြည့်သွင်းနိုင်ရန် ပလပ်ခုံများပြုလုပ်ထားမှု၊ လျှပ်စစ်မီးအားသွင်းသုံးစွဲနိုင်ရေး မီးစက်နဲ့ အားသွင်း ပလပ်ခုံများပြုလုပ်၍ ဝန်ဆောင်မှုပေးနေမှု၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မြေမြင့်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ အောင်နန်းရပ်ကွက်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ မီးစက်များအသုံးပြု၍ လျှပ်စစ်အားသွင်းနိုင်ရေးစီစဉ်ပေးထားမှုကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များအတွက် (၈ ပေ×၄ ပေ)ဆိုလာပြားနှင့် 1800 W ရှိ Power Station တစ်စုံစီ(စုစုပေါင်း ၁၈ စုံ)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေတဲ့ ချီဖွေငယ်ရေအား လျှပ်စစ်စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေတဲ့ ရက်သတ္တပတ်နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့်ရေအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်နဲ့ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။

20 Apr

ADVERTISE HERE .