“ပြည်တွင်းထုတ်ဒီဇယ်ဆီ ၂၀,၅၆၉ ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှ တောင်သူများထံတိုက်ရိုက်ရောင်းချ”
20 Apr
ပြည်တွင်းထုတ်ဒီဇယ်ဆီ ၂၀,၅၆၉ ဂါလန်ကို ပွင့်ဖြူမြို့နယ်မှတောင်သူများထံ သက်သာသောစျေးနှုန်းဖြင့် ဧပြီလ ၁၉ ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရေး အတွက် မြေယာပြုပြင်ရန်ကျန်ရှိသော စိုက်ပျိုးမြေဧက ၂၀,၅၆၉ ဧကအတွက် တစ်ဧကလျှင် စက်သုံးဆီတစ်ဂါလန် နှုန်းဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပြည်တွင်းထုတ်ဒီဇယ်ဆီ ၂၀,၅၆၉ ဂါလန်ကို ပွင့်ဖြူမြို့နယ် ရွာခိုင် ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ အနောက်ကိုင်းကျေးရွာအုပ်စု၊ ပေတောကျေးရွာအုပ်စု၊ သရက်တော ကျေးရွာအုပ်စုတို့၌ စုရပ် ၅ နေရာမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံးစက်ပစ္စည်းများမှာ အသုံးပြုရန် လက်ငင်းငွေချေ စနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။