“မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံမှာ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေး”
20 Apr
မကွေးတိုင်းဒေသကြီးရှိ မကွေးပြည်သူ့ဆေးရုံကြီးမှာ မြို့ပေါ်နှင့်ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွား များကို ဧပြီလ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ ဘိုး/ဘွားများကို အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်ပေးရာ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရ ဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘိုး/ဘွားများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီး အစားအစာများကို ကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သော လူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရပါတယ်။