“ဇီးကုန်းလေဘေးသင့်အိမ်ထောင်စုများကို အစားအသောက်၊ အသုံးအဆောင်နှင့် အလှူငွေများထောက်ပံ့”

19 Apr

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ပဲခူးတိုင်းဝန်ကြီးချုပ်က အစားအသောက်၊ အသုံးဆောင်နှင့်အလှူငွေများကို ဧပြီလ ၁၈ ရက်မှာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပေးအပ်ပွဲကို ဇီးကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆန်ဆီနှင့် အသုံးအဆောင်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများအား လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့်အဖွဲ့သည် ကရင်ကုန်းကျေးရွာရှိ အမိုးလန်နေအိမ်များကို ပြန်လည် ပြုပြင်နေမှုအားကြည့်ရှု၍ လိုအပ်သည်များကိုလည်း လမ်းညွှန်မှာကြားကာ အလှူငွေများပေးအပ်ခဲ့ပါတယ်။ ဇီးကုန်းမြို့နယ်မှာ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှု ကြောင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ အုပ်စုအတွင်းနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ အမိုးလန်ခြင်း၊ လူနေအိမ်အချိုပြိုလဲခြင်း၊ ရန်ကုန်-ပြည် မော်တော်ကားလမ်း တစ်လျှောက်နှင့် လမ်းသွယ်များအတွင်း သစ်ပင်များပြိုလဲခြင်း၊ မီးတိုင်အချို့ကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရာ အမိုးလန်နေအိမ် ၃၇၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းနှင့် စာသင်ကျောင်း ၇ ကျောင်း အမိုးလန်၍ လူနေအိမ် ၁၀ လုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။(NVS-008)

19 Apr

ADVERTISE HERE .