“တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုမှာ မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်”

19 Apr

တိုင်းဒေသကြီးနှင့်ပြည်နယ် ၄ ခုမှာ မိုးတိမ်တောင်များဖြစ်ထွန်းနေ၍ မိုးရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခတ်မှုများဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် သတိပေးထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာကျဲကျဲ၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်း နိုင်ပါတယ်။ လာမည့် ၄၈ နာရီအတွင်း မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် မကွေးတို့တွင် နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်သည်ဟုလည်း အသိပေးထားကြောင်း သိရပါတယ်။ (NVS-008)

19 Apr

ADVERTISE HERE .