“၂၅ နှစ်ကြာပြီးနောက် ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်တန်းပြန်တက်နိုင်ခဲ့တဲ့ ကိုဗင်ထရီအသင်း”

18 Apr

နည်းပြ ဖရန့်လမ်းပတ် တာဝန်ယူထားတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းဟာ ဘောလုံးရာသီ ပြီးဆုံးဖို့ သုံးပွဲအလိုမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပြီး ၎င်းအခွင့်အရေးကို ၂၅ နှစ်ကြာပြီးမှ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ကိုဗင်ထရီအသင်းဟာ အခုတစ်ပတ်မှာ ဘလက်ဘန်းအသင်းနဲ့ တစ်ဂိုးစီသရေကျကာ သုံးပွဲဆက် သရေကျခဲ့ပေမဲ့ တန်းတက်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ကျန်သုံးပွဲအလိုမှာ ကိုဗင်ထရီအသင်းက ရမှတ် ၈၆ မှတ်နဲ့ တတိယနေရာက မီဝေါလ်အသင်းကို တစ်ပွဲပို ၁၃ မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့် တန်းတက်ခွင့်ရခဲ့ပါတယ်။ ကိုဗင်ထရီအသင်းဟာ လိဂ်ချန်ပီယံရှစ် အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်ကြိုးပမ်းရဦးမှာဖြစ်ပြီး လက်ရှိမှာ ဒုတိယနေရာက အစ်ဝစ်ချ်အသင်းက ၄၁ ပွဲကစား ၇၅ မှတ် ရရှိထားပါတယ်။ အသက် ၄၇ နှစ်အရွယ် နည်းပြ လမ်းပတ် ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ကိုဗင်ထရီအသင်းကို စတင်တာဝန် ယူချိန်၌ အသင်းက အဆင့် ၁၇ နေရာမှာသာ ရှိနေခဲ့ပြီး တစ်နှစ်ခွဲကာလအတွင်း ၂၅ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါတယ်။(NVS 008)

18 Apr

ADVERTISE HERE .