“ခံစစ်ပိုင်းပြဿနာများရှိနေတဲ့ မန်ယူအသင်း”

18 Apr

မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ ခံစစ်ပိုင်းတွင် ပြဿနာများရှိနေကြောင်း သိရပါတယ်။ မန်ယူနိုက်တက်အသင်းလူစာရင်းမှာ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ စီနီယာခံစစ် အတွင်းလူ တစ်ဦးသာရှိနေတာ ဖြစ်ပါတယ်။ နည်းပြ ကာရစ် အနေနဲ့ အစောပိုင်းကတည်းက မက်ဂွိုင်းရား၊ လီဆန်ဒရိုမာတီနက်ဇ် နဲ့ ဒီလစ် တို့ကို ပွဲပယ်နဲ့ ဒဏ်ရာပြဿနာများကြောင့် လက်လွှတ်ထားခဲ့ရပါတယ်။ နောက်ဆုံးခြောက်ပွဲဆက် ပွဲထွက်ခွင့်ရထားတဲ့ ယိုဟို ကလည်း ပါဝင်နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ဒါကြောင့် မန်ယူအသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ နောက်ခံအတွင်းလူဖြစ်တဲ့ ၁၉ နှစ်အရွယ် အေဒန်ဟဲဗန်း တစ်ဦးသာ ရှိနေပါတယ်။ ဟဲဗန်း ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ဘန်လေအသင်းနဲ့ သရေကျတဲ့ပွဲပြီးကတည်းက အသင်းမှာ ပွဲထွက်ခွင့် မရတော့တာဖြစ်ပါတယ်။ အသေးစားဒဏ်ရာရထားတဲ့ ကွင်းလယ်လူ မိန်နူး ကတော့ ချယ်လ်ဆီးနဲ့ပွဲမှာ ပြန်လည်ကစားဖို့ရှိနေပါတယ်။(NVS 008)

18 Apr

ADVERTISE HERE .