“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်”
18 Aprယခုသီတင်းပတ်ကာလဖြစ်တဲ့ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၉၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ယခုသတ်မှတ်ချက်မှာ ယခင်တစ်ပတ်ကထက် စျေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ပြီး ယခင်အပတ်က စျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၇၃၅ သာရှိခဲ့ရာ ကျပ် ၂၅၀ ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စားအုန်းဆီဈေးမှာ တစ်ပိဿာကျပ် ၅,၂၅၀ ဖြစ်ပြီး ယခုလထဲတွင် ဆက်လက်မြင့်တက်လာ ခြင်းလည်း ဖြစ်ပါတယ်။ စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာမှာ စားအုန်းဆီတင်ပိုတဲ့ နိုင်ငံများ၏ဈေးနှုန်းအတက်အကျပေါ် မူတည်၍ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ဆောင်ရွက်နေကြောင်း သိရပါတယ်။(NVS 004)
18 Apr