“ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်”
18 Apr
ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ဧပြီလ နံနက်ပိုင်းတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ဖတ်တော်မူကြပြီး ဝေဟင်မှ ပရိတ်ရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရပါတယ်။ ဦးစွာ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နေမိန္ဒ အမှူးပြုသော ဆရာတော်ကြီး ခြောက်ပါးတို့က တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်တော်မူကြပါတယ်။ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်၍ သာသနာရေးဝန်ကြီး ဌာန သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တပ်မတော်မှတာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော်ကြီးများ၏ ကပ္ပိယကာရကအဖြစ် လိုက်ပါ၍ ပရိတ်ရေများကို နေပြည်တော် ဝေဟင်ရဟတ်ယာဉ်ပေါ်မှ ပက်ဖျန်း၍ ကုသိုလ်ယူပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။(NVS 004)