“ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်”

17 Apr

မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်၊ ပြည်သူလူထု စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထား မှုကို အလေးထားသောအားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများကို ယနေ့ ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များ ထုတ်ပြန်ခဲ့ပါတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့် (၃၉/၂၀၂၆)၊ (၄၀/၂၀၂၆) နှင့် (၄၁/၂၀၂၆) တို့အရ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား/အကျဉ်းသူ ၄၃၃၅ ဦး၊ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၇၉ ဦးနှင့် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်မတိုင်မီ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများအား ပြစ်ဒဏ်အသီးသီးကို လျှော့ပေါ့ကျခံစေရန် လွတ်ငြိမ်းသက်သာ ခွင့်များကို ထုတ်ပြန်ပေးခဲ့ပါတယ်။(NVS 004)

17 Apr

ADVERTISE HERE .