“ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများဆွေးနွေး”

16 Apr

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်အတူ ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တရုတ်နိုင်ငံပိုင် China Railway Beijing Engineering Group Co., Ltd သို့သွားရောက်ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ MEIGE Joint Energy Holding Co., Ltd ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Yunnan-Irrawaddy Supply Chain မှ President၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့်အတွက် မေးမြန်းဆွေးနွေးမှုများ၊ မြန်မာ နိုင်ငံ၏ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများ တူးဖော်ရန်စိတ်ဝင်စား၍ မေးမြန်းဆွေးနွေးမှုများ၊ ရေနံချက် စက်ရုံတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် မေးမြန်းဆွေးနွေးမှုများ၊ နေရောင်ခြည်စွမ်းအင်အပါအဝင် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ဆောင်ရွက်လို၍ မေးမြန်းဆွေးနွေးမှုများ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းသည့် Supply Chain တစ်လျှောက် ပူးပေါင်းဆောင်ရွက်လိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြီး မြေပြင်အခြေအနေ ကို လာရောက်ကြည့်ရှု၍ အသေးစိတ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

16 Apr

ADVERTISE HERE .