“ရောင်နီသစ်ပြီ တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်ပြသမည်”

16 Apr

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် သောကြာနေ့ညချမ်းတွင် “ရောင်နီသစ်ပြီ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ MRTV-HD Channel & MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ “ရောင်နီသစ်ပြီ" တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင်များ ဖြစ်သည့် ရဲထိုက်၊ ဇော်ထွေးလတ်၊ ဖြိုးဗိုလ်ဗိုလ်၊ တက္ကသိုလ်လဲ့လဲ့၊ သွန်း၊ အိအိလှိုင်၊ မေ့ချစ်သက်၊ ဖူးဧကရီဆောင်း၊ လွန်းရွှေရည်သာ နှင့် နန္ဒာလင်း တို့က နှစ်သစ်မင်္ဂလာ အချိန်အခါသမယမှစ၍ တစ်နှစ်ပတ်လုံး ပြည်သူများ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာမှုများနှင့်အတူ ကျန်းမာချမ်းသာစေရန်နှင့် ပျော်ရွှင် ချမ်းမြေ့စေရန် ဆုတောင်းမေတ္တာပို့သသည့် တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ ဧပြီလ ၁၇ ရက်၊ သောကြာနေ့ ည ၉ နာရီခန့်တွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဧပြီလ ၁၉ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

16 Apr

ADVERTISE HERE .