“ခန္တီးမြို့ အလှူတော်မင်္ဂလာအခမ်းအနား၌ စတုဒိသာများဖြင့်ဧည့်ခံပွဲကျင်းပ”
15 Aprစစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ရှင်အပါး ၃၅၀ ရဟန်းခံ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ အခမ်းအနားကို ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ဧပြီလ ၁ဝ ရက် မွန်းလွဲပိုင်းက ပရိက္ခရာရှစ်ပါး၊ သီလရှင်ဝတ်စုံများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ယင်းအလှူတော်မင်္ဂလာအား အလှူဒါယကာကြီး ဦးသန့်ဇော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်အရေးဖွဲ့၊ လူမှုထူးချွန်ဆု(ပထမအဆင့်)၊ အလှူဒါယိကာမကြီး ဒေါ်ဥမ္မာဇင် (ရွှေချမ်းသာကုမ္ပဏီမိသားစု)တို့က နှစ်သစ်ကူးသင်္ကြန် ကာလအတွင်း ရဟန်း/သာမဏေ အပါး ၃၀၀ နှင့် သီလရှင် အပါး ၅၀ တို့ကို ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် ရှင်သာမဏေရပဗ္ဗဇ္ဇအဖြစ်သို့ သွတ်သွင်းချီးမြှောက်၍ ဘုရားအမှူး ပြုသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်း ခဲ့ကြပါတယ်။ အလှူတော်မင်္ဂလာပွဲတော်ကို ဧပြီလ ၁၀ ရက် မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကာ စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)