“နတ်တလင်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်”
15 Apr
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေးလုပ်ငန်း များကို အပတ်စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၄ ရက် နံနက်ပိုင်းတွင် သာဇီရပ်ကွက် ဇေယျဝတီ ကျောင်းတိုက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ရေနှင့် သတ္တုဓာတ်များ ပြန်လည်ဖြည့်တင်းရေးအတွက် ဓာတ်ဆားရည်ဖျော်စပ်နည်းများ သင်ကြားပေးခြင်း၊ အပူဒဏ် ကြောင့်နွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်းများဖြစ်ပေါ်ပါက ဆောင်ရန်/ရှောင်ရန်များအား ကျန်းမာရေးအသိပညာ ပေးခြင်း၊ သက်ကြီးရွယ်အိုများ စနစ်တကျရေချိုးနိုင်စေရေး ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)
15 Apr