“စွမ်းဆောင်နိုင်ရည်ရှိသော တရုတ်စီးပွားရေးလုပ်ငန်းများ စပိန်နိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း”

15 Apr

တရုတ်နိုင်ငံက စပိန်နိုင်ငံမှ အရည်အသွေးမြင့်ထုတ်ကုန်များ ပိုမိုတင်သွင်းရန်အသင့်ရှိသလို စွမ်းဆောင် နိုင်ရည်ရှိသော တရုတ်စီးပွားရေးလုပ်ငန်းများ စပိန်နိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တွန်းအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် က ဧပြီလ ၁၄ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော စပိန်နိုင်ငံဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် နှင့် တွေ့ဆုံစဉ် လီ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံနှင့်အတူ မိမိတို့၏လိုက်လျောညီထွေဖြစ်သော စီးပွားရေးအကျိုးကျေးဇူးများ ပိုမိုကောင်းမွန်စွာဖော်ထုတ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာ ပိုမိုနက်ရှိုင်းစွာရှာဖွေရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး တိုးချဲ့၍ အရည်အသွေးတိုးတက်မှုနှင့် သာတူညီမျှရှိသော ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက်လည်း လုပ်ဆောင်သွားလိုကြောင်း လီ က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုအဓိကကျသောအရာများ ဖန်တီးနိုင်ရန် စွမ်းအင်သစ်မော်တော်ယာဉ်များနှင့် စွမ်းအင်သိုလှောင်မှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လို ကြောင်း၊ ပူးတွဲသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းရန်၊ သိပ္ပံပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်မှုများမြှင့်တင်ရန်၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အမိအရဖမ်းဆုပ်နိုင်ရေး အတူတကွ လုပ်ဆောင်ရန် နှစ်နိုင်လုံးမှတက္ကသိုလ်များ၊ သုတေသနအင်စတီကျုများနှင့် စီးပွားရေးလုပ်ငန်းများကို တရုတ် နိုင်ငံက ပံ့ပိုးကူညီလျက်ရှိကြောင်းလည်း လီ က ဖြည့်စွက်ပြောခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် လီ က တရုတ် နိုင်ငံက စပိန်နိုင်ငံနှင့်အတူ သယ်ယူပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်၍ တရုတ်-ဥရောပ အမြန်ရထားလမ်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်လျက် နိုင်ငံတကာ အစိမ်းရောင် ရေကြောင်း ပို့ဆောင်ရေးစင်္ကြံကို ပူးတွဲတည်ဆောက်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အတူ စပိန်နိုင်ငံ အနေဖြင့်လည်း ဥရောပသမဂ္ဂ(EU)အတွင်း အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ်နိုင်ငံနှင့် EU အကြား ကုန်သွယ်စီးပွားဆက်ဆံရေး ကောင်းမွန်စွာတိုးတက်မှု မြှင့်တင်မည်ဟု မျှော်လင့်ကြောင်းလည်း လီ က မှတ်ချက်ပြုခဲ့သည်။

15 Apr

ADVERTISE HERE .