“တူကီယဲနိုင်ငံအရှေ့တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်း၌ ပစ်ခတ်မှုဖြစ်”

15 Apr

တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းရှိကျောင်းတစ်ကျောင်း၌ ဧပြီလ ၁၄ ရက်တွင် ကျောင်းသားဟောင်း တစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားအနည်းဆုံး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံ သတင်းမီဒီယာက ပြောကြားသည်။ နိုင်ငံအရှေ့တောင်ပိုင်း ဆန်လီဖာပြည်နယ် ဆီယီရတ်ခရိုင်ရှိ အာမတ် ကိုယန်ကူ သက်မွေးဝမ်းကျောင်းအတတ်ပညာ အထက်တန်းကျောင်းတွင် ယခုပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်သည်။ ၎င်းသည် ကျောင်းစင်္ကြံတစ်လျှောက်ရှိ လမ်းလျှောက်နေသူများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ၎င်းသည် ယခင်က ပြစ်မှုမှတ်တမ်းဟောင်းရှိသူ မဟုတ်ကြောင်း ဆန်လီဖာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဟက်ဆန် ဆီဒတ် က ပြောကြားသည်။ ဖြစ်စဉ်ကြောင့် ကျောင်းသား ၁၀ ဦး၊ ဆရာ လေးဦး၊ ကော်ဖီဆိုင်ဝန်ထမ်းတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုကဲ့သို့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ကြောင့် ကျောင်းသားများ၏လုံခြုံရေးကို ကြီးမားစွာ ထိခိုက်မှုမရှိ သော်လည်း ဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးမည်ဟု ၎င်းကပြောကြားသည်။ ကျောင်းသားများအား ယခုဖြစ်စဉ် ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း မရှိစေရေးအတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်မည်ဖြစ်၍ ကျောင်းသားများကို ပညာသင်ကြားမှု လေးရက်ကြာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆာလီဖာပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး အဆန်ဆူတန် နိုလူ က ပြောကြားသည်။

15 Apr

ADVERTISE HERE .