“ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၌ လျှပ်စစ်ကားအားသွင်းရုံများ အများအပြား တည်ထောင်မည်”

15 Apr

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၌ လျှပ်စစ်ကားအားသွင်းရုံများ အများအပြား တည်ထောင် မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဧပြီလ ၁၄ ရက် တွင် ပြောကြားသည်။ လျှပ်စစ်ကားဝယ်ယူမှု များပြားလာပြီးနောက် ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။ ပြည်နယ်အတွင်း ယခုနှစ်ဆောင်ရွက်မည့် လျှပ်စစ်ကားမဟာဗျူဟာအရ လျှပ်စစ်ကားများအတွက်ရန်ပုံငွေ ဩစတြေးလျဒေါ်လာ သန်း ၁၀၀ ချမှတ်ခဲ့ပြီး ၎င်းရန်ပုံငွေများတွင် လျှပ်စစ်ကားအားဖြည့်ရုံ တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရေးအတွက်လည်း အကျုံးဝင်ကြောင်းသိရသည်။ လာမည့်ငါးနှစ်အတွင်း ပြည်နယ်တွင် လျှပ်စစ်ကားစီးရေ တစ်ထောင်ထုတ်လုပ်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းလျှပ်စစ်ကားများအတွက် လျှပ်စစ်အားဖြည့်ရုံများ လိုအပ်မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်း မြင့်လာခြင်းဖြစ်၍ ပြည်နယ်အတွင်း လျှပ်စစ် ကားများ အများအပြားထုတ်လုပ်လာခဲ့သည်။ ပြည်နယ်အတွင်းရှိ ဒေသခံများသည် လောင်စာဆီရှားပါးမှုကြောင့် အခက်အခဲများရှိနေပြီး ၎င်းအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် လျှပ်စစ်ကားဝယ်ယူရေးကို နည်းလမ်းတစ်ခုအဖြစ် ဆောင်ကြဉ်းခဲ့ကြောင်း နယူးဆောက်ဝေး ပြည်နယ်ဝန်ကြီးချုပ် ခရစ်မင် က ပြောကြား သည်။ ထို့ပြင် ပြည်နယ်အတွင်းရှိ လုပ်ငန်းသုံးယာဉ်များကို ပြောင်းလဲလိုသည့် လျှပ်စစ်ယာဉ်အဖြစ်လုပ်ငန်းများနှင့် လျှပ်စစ်ကားဆိုင်ရာ ဝန်ထမ်းများအား လိုအပ်သည်များ ဆောင်ရွက်ပေးမည်ဟု သိရသည်။

15 Apr

ADVERTISE HERE .