“မန်ယူနည်းပြ ကာရစ် က လာမည့်ရာသီအတွက် ပြင်ဆင်မှုများ ချမှတ်ထားပြီးဖြစ်ကြောင်းပြော”

12 Apr

မန်ယူအသင်းအနေနဲ့ အခုချိန်ထိ သူ့အနာဂတ်နဲ့ပတ်သက်လို့ မဆုံးဖြတ်ရသေးပေမယ့် သူ့ဘက်ကတော့ လာမယ့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုတွေ အသင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မန်ယူအသင်းရဲ့ ယာယီနည်းပြ ကာရစ် က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီက နည်းပြ အမိုရင် ရဲ့နေရာကို ကာရစ် အနေနဲ့ ဆက်ခံခဲ့ပြီးနောက် အသင်းကို တိုးတက် မှုတွေရှိလာအောင် ဦးဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသင်းက ရလဒ်ကောင်းတွေနဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် အခြေအနေ ကောင်းနေသလို အသင်းကစားသမားတွေရဲ့ ကာရစ် အပေါ် ထောက်ခံမှုတွေကလည်း အားကောင်းနေတာ ဖြစ်ပါတယ်။ မန်ယူအသင်းဘက်ကတော့ အခုချိန်ထိ ကာရစ် ကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် လှုပ်ရှားမှုတွေမရှိသေးတာ ဖြစ်ပါတယ်။ အသင်းနဲ့ပတ်သက်လို့ အရာအားလုံး တိုးတက်ကောင်းမွန်အောင် ကြိုးစား နေသလို အသင်းရဲ့အနာဂတ်မှာ ဆက်လက်ပါဝင်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေမှာ ပါဝင်နေကြောင်း ကာရစ် က ပြောခဲ့ပါတယ်။(NVS 008)

12 Apr

ADVERTISE HERE .