“မက်မူဒေါ့ဗ် ကို အနိုင်ရရှိပြီးနောက် ဂျော့ရှူအာ ကိုစိန်ခေါ်ခဲ့တဲ့ တိုင်ဆန်ဖြူရီ”

12 Apr

ရုရှားနိုင်ငံသား မက်မူဒေါ့ဗ် နဲ့ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖျူရီ တို့ပြိုင်ပွဲက ၁၂ ချီပြည့်တဲ့အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး တိုင်ဆန်ဖြူရီ က အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုင်ဆန်ဖြူရီ ဟာ လက်ဝှေ့ လောကနဲ့ ၁၅ လကြာ ဝေးကွာခဲ့ပေမယ့် ပထမဆုံးအကြိမ် ပြန်လည်ထိုးသတ်တဲ့ပွဲမှာ ပြိုင်ဘက်ကို အသာစီးနဲ့ ထိုးသတ်ခဲ့သလို လက်ဝှေ့နည်းစနစ်ကောင်းတွေကိုလည်း ပြသနိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် ဒိုင်လူကြီး ၃ ယောက်စလုံးက တိုင်ဆန်ဖြူရီကို အနိုင်ပေးခဲ့သလို အမှတ်တွေကို မကြေညာခင်မှာ တိုင်ဆန်ဖြူရီ က တစ်နိုင်ငံတည်းသား ဗြိတိန်ပြိုင်ဘက် ဂျော့ရှူအာ ကို လက်ဝှေ့ကြိုးဝိုင်းအတွင်း ဝင်လာဖို့ ဖိတ်ခေါ် ခဲ့ပေမယ့် ဂျော့ရှူအာ က ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ တိုင်ဆန်ဖြူရီ က ဂျော့ရှူအာ ကို ထိုးသတ်ဖို့အတွက် ထပ်မံစိန်ခေါ်သွားခဲ့ပါတယ်။ ဗြိတိန်ရဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတွေဖြစ်တဲ့ တိုင်ဆန်ဖြူရီ နဲ့ ဂျော့ရှူအာ တို့ ထိပ်တိုက်ဆုံ တွေ့မှုကို ပရိသတ်တွေမျှော်လင့်ခဲ့ကြပေမယ့် အခုချိန်ထိ ပွဲစီစဉ်မှုက ဖြစ်မြောက်မှုမရှိသေးတာကို တွေ့ရပါတယ်။(NVS 008)

12 Apr

ADVERTISE HERE .