“သွင်းဂိုးစံချိန်သစ်တင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်”

12 Apr

ဘိုင်ယန်မြူးနစ်အသင်းက စိန့်ပေါ်လီအသင်းကို ၅ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဘွန်ဒက်စ်လီဂါ တစ်ရာသီသွင်းဂိုး အများဆုံးစံချိန်ကိုပါ ရရှိခဲ့ကြောင်းသိရပါတယ်။ ပွဲအစပိုင်း ၉ မိနစ်မှာ မူစီယာလာ သွင်းယူခဲ့တဲ့သွင်းဂိုးက အခုရာသီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၀၁ ဂိုးမြောက် ဘွန်ဒက်စ်လီဂါသွင်းဂိုးဖြစ်ခဲ့ပြီး ၁၉၇၁-၁၉၇၂ ခုနှစ်က ဘိုင်ယန်အသင်း တင်ထားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ တစ်ရာသီသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘိုင်ယန်မြူးနစ်အသင်းက သွင်းဂိုး ၄ ဂိုး ထပ်သွင်းနိုင်ခဲ့လို့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၁၀၅ ဂိုးနဲ့ သွင်းဂိုးအများဆုံးစံချိန်ကို လက်ရှိရာသီမှာ စံချိန်သစ်တင်လိုက်နိုင်တာဖြစ်ပါတယ်။ လက်ရှိဘောလုံး ရာသီပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒုတိယနေရာက ဒေါ့မွန်အသင်းကို ၁၂ မှတ် ဖြတ်ထား နိုင်တာကြောင့် ချန်ပီယံဆုကို ရယူနိုင်ဖို့ကလည်း နီးစပ်နေခဲ့တာဖြစ်ပါတယ်။(NVS 008)

12 Apr

ADVERTISE HERE .