“၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၇ သန်းကျော်သာ တင်ပို့နိုင်ခဲ့”

12 Apr

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ရေး လျာထားဆောင်ရွက်ခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တန်ချိန် ၂ ဒသမ ၇၄ သန်းခန့်သာ တင်ပို့ နိုင်ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့ကြောင်းသိရပါတယ်။ ပြည်တွင်းမှ ဆန်နှင့်ဆန်ကွဲများကို တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့နေပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံနှင့်အထက်ကို တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် ၂၅၉,၅၀၁ တန်၊ ဇွန်လတွင် ၂၁၂,၄၁၆ တန်၊ ဇူလိုင်လတွင်၂၃၀,၆၇၂ တန်၊ ဩဂုတ်လတွင် ၁၉၂,၉၈၅ တန်၊ စက်တင်ဘာလတွင် ၁၆၈,၀၄၆ တန်၊ အောက်တိုဘာလတွင် ၃၁၆,၉၂၀ တန်၊ နိုဝင်ဘာလတွင် ၂၆၃,၈၁၅ တန်၊ ဒီဇင်ဘာလတွင် ၃၃၁,၈၆၉ တန်၊ ဇန်နဝါရီလတွင် ၂၀၈,၈၄၇ တန်၊ ဖေဖော်ဝါရီလတွင် ၁၇၈,၁၉၁ တန်နှင့် မတ်လတွင် ၂၃၄,၆၉၀ တန် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်များအရ သိရပါတယ်။(NVS 004)

12 Apr

ADVERTISE HERE .