“တန်းဆင်းဇုန်က လွတ်မြောက်လာခဲ့တဲ့ ဝက်စ်ဟမ်းအသင်း”
12 Apr
ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)အဖြစ် ဝက်စ်ဟမ်းနှင့် ဝုဗ်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်စ်ဟမ်းအသင်းက လေးဂိုးပြတ်နိုင်ပွဲရရှိပြီး တန်းဆင်းဇုန်မှ လွတ်မြောက်လာခဲ့ပါတယ်။ ပွဲစတင်ကတည်းက ဝက်စ်ဟမ်းအသင်က နိုင်ပွဲရရေးအတွက် တိုက်စစ်အသားပေးကစားခဲ့ပေမယ့် မိနစ် ၄၀ ကျော်အထိ သွင်းဂိုးရရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ ဝက်ဟမ်းအသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲချိန် ၆၆ မိနစ်၊ ၆၈ မိနစ်နဲ့ ၈၃ မိနစ်တို့မှာ အနိုင်ဂိုးများ ဆက်တိုက်ရရှိပြီး ပွဲပြီးဆုံးချိန်မှာ ၄ ဂိုး၊ ဂိုးမရှိနဲ့ ဝက်စ်ဟမ်းအသင်းက ဂိုးပြန်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)အပြီးမှာ ရမှတ် ၃၂ မှတ်ဖြင့် တန်းဆင်းဇုန်အထက်တွင် ရပ်တည်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့နောက်မှ စပါး၊ ဘန်လေနဲ့ ဝုဗ်အသင်းတို့က အသီးသီးရပ်တည်လျက် ရှိပါတယ်။(NVS 008)
12 Apr