“ရုရှားနှင့် ယူကရိန်းကြား အီစတာပွဲတော်ကာလ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်”

12 Apr

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ကြား အီစတာပွဲတော်ကာလ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ဧပြီလ ၁၁ ရက်တွင် စတင်အသက်ဝင်လာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတ ဗလာဒီမာပူတင် က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအပစ်အခတ်ရပ်စဲရေးသည် ဧပြီလ ၁၁ ရက် ညနေ ၄ နာရီမှ ဧပြီလ ၁၂ ရက်ကုန်အထိ စုစုပေါင်း ၃၂ နာရီ ကြာမြင့်မည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအပေါ် နှစ်ဖက်စလုံးက သံသယရှိနေသော်လည်း ဧပြီလ ၁၁ ရက် မှာပင် နှစ်ဖက်စစ်သုံ့ပန်း ၁၇၅ ဦးစီကို အပြန်အလှန်လဲလှယ်နိုင်ခဲ့သည်။ အဆိုပါလဲလှယ်မှုတွင် အာရပ်စော်ဘွားများပြည်ထောင်စုက ကြားဝင်စေ့စပ်ပေးခြင်းဖြစ်ပြီး စစ်သုံ့ပန်း လဲလှယ်ရေးသည် စစ်ဖြစ်ပွားနေသည့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကျန်ရှိနေသည့် နယ်ပယ်တစ်ခု အဖြစ်ရှိနေကြောင်း လေ့လာသူများကပြောသည်။

12 Apr

ADVERTISE HERE .