“အနာဂတ်မရေမရာဖြစ်နေသည့် နည်းပြ ဂွါဒီယိုလာ နေရာ၌ နည်းပြ အလွန်ဆို နဲ့ အစားထိုးဖို့ ပြင်ဆင်လာတဲ့ မန်စီးတီး”

10 Apr

မန်စီးတီးအသင်းက ယခုဘောလုံးရာသီအကုန်မှာ နည်းပြ ဂွါဒီယိုလာ ရဲ့နေရာမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ အလွန်ဆို အား ခန့်အပ်ရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းနဲ့ နည်းပြ ဂွါဒီယိုလာ တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ် မေလတွင် ကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးအသင်းက အသင်းကို သမိုင်းဝင်အောင်မြင်မှုများ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာ အား သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုသော်လည်း နည်းပြ ဂွါဒီယိုလာ ကိုယ်တိုင်က ယခုဘောလုံးရာသီအကုန်တွင် ထွက်ခွာဖွယ်ရှိနေ တာဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ က နိုင်ငံလက်ရွေးစင် အသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်လိုတဲ့အတွက် ရာသီအကုန်တွင် အသင်းမှထွက်ခွာပြီး နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်ဖွယ်ရှိနေကာ အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်က အီတလီအသင်းနည်းပြအဖြစ် ခန့်အပ်ရန်ကြိုးပမ်းလျက်ရှိပါတယ်။(NVS 008)

10 Apr

ADVERTISE HERE .