“နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်တက်ရောက်မည်”

10 Apr

ဧပြီလ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်သမ္မတကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင်ဖျင့် ၏အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ(CPPCC) အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်ရှင်ကျီ တက်ရောက်မည် ဖြစ်ကြောင်း သိရပါတယ်။ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေးညီလာခံ(CPPCC) အမျိုးသားကော်မတီ (၁၄) ကြိမ်မြောက်၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ ဘေဂျင်းမြို့၌ကျင်းပသော (၁၄)ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာ ကျန်းရှင်ကျီသည် CPPCC အမျိုးသားကော်မတီ (၁၄ ကြိမ်မြောက်) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့အစည်းရေးရာဌာနမှာ နေ့စဉ်လုပ်ငန်းတာဝန်များကို ကြီးကြပ် ဆောင်ရွက်သော ဒုတိယခေါင်းဆောင်လည်း ဖြစ်ပါတယ်။ (NVS 004)

10 Apr

ADVERTISE HERE .