“မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတိုးချဲ့ရန် ရေးထိုးထားပြီးဖြစ်တဲ့ MoU ၅ နှစ်သက်တမ်းထပ်တိုး”

10 Apr

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတိုးချဲ့ရန် ရေးထိုးထားပြီးဖြစ်တဲ့ MoU ကို ၂၀၃၁ ခုနှစ်အထိ ၅ နှစ် သက်တမ်းထပ်မံတိုးမြှင့်ခဲ့ကာ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းရှေ့မှောက်မှာ ကုန်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က သက်တမ်းတိုးတဲ့စာလွှာကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။ အဆိုပါ MoU အရ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကဏ္ဍတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ (NVS 004)

10 Apr

ADVERTISE HERE .