“အိန္ဒိယယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (၇၇) နှစ်မြောက်တည်ထောင်သည့်နေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲကျင်းပ”

10 Apr

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ကြီးမှူးကျင်းပတဲ့ အိန္ဒိယယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ (၇၇) နှစ်မြောက် တည်ထောင်သည့်နေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဧပြီလ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Shri Kirti Vardhan Singh မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက ဆီမီးများထွန်းညှိပူဇော်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ဥက္ကဋ္ဌတို့က ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီးနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့ကို ပဝါများ လွှမ်းခြုံ ပေးကြပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) ဆရာ၊ ဆရာမများနှင့် ကျောင်းသားတို့က အိန္ဒိယရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး ဆွာမိဝိဝေကာနန္ဒယဉ်ကျေးမှုစင်တာ(SVCC)မှ ဒါရိုက်တာက ကျေးဇူးတင် စကားပြောကြားပါတယ်။ သီတဂူဆရာတော်ဘုရားကြီးမှ ရုပ်သံဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက်ကြောင်း ဩဝါဒစကား မိန့်ကြားခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌‌ဒေါက်တာ မျိုးသိန်း‌ကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် တို့က ရုပ်သံဗီဒီယိုများဖြင့် ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ(ICCR)ကို အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှု ဆိုင်ရာ ဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုများ ခိုင်မာစေရန်၊ ကမ္ဘာတစ်ဝန်းတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ်က ICCR ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

10 Apr

ADVERTISE HERE .