“မကွေးဒေသထွက် ကျောက်မီးသွေးတန် ၅,၀၀၀ ကို ဝယ်ယူရန် တင်ဒါခေါ်ယူ”
10 Apr
နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် နေပြည်တော်အုတ်စက်ရုံမှာ အသုံးပြုရန်အတွက် မကွေးတိုင်း ဒေသကြီးထွက် ကျောက်မီးသွေးတန် ၅,၀၀၀ ကို ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားပါတယ်။ အခုဖိတ်ခေါ်ချက်အရ ဝယ်ယူလိုတဲ့ ကျောက်မီးသွေးတန် ၅,၀၀၀ မှာ ရေငွေ့ပါဝင်မှုနှုန်း ၁၂ ရာခိုင်နှုန်း၊ အပူဓာတ်ပေးတဲ့နှုန်း 5000 KCal/Kg, 9000 Btu/L ရှိရမည်ဖြစ်ပြီး ရောင်းချလိုသူများမှ အိတ်ဖွင့်တင်ဒါ ပေးသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စားတဲ့ ရောင်းချလိုသူများအနေနဲ့ ဧပြီလ ၉ ရက်မှစ၍ တင်ဒါပုံစံများကို နေပြည်တော် အုတ်စက်ရုံမှာ ရယူနိုင်ပြီး ဧပြီလ ၂၃ ရက်နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း သိရပါတယ်။ တင်ဒါပုံစံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး ပျဉ်းမနား-တောင်ညိုကားလမ်း၊ မိုင်တိုင် ၁၆/၄ ရှိ နေပြည်တော်အုတ်စက်ရုံသို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်း ထုတ်ယူ နိုင်ကြောင်း သိရပါတယ်။ (NVS 004)