“မြန်မာ့သစ်လုပ်ငန်းပိုင် ကျွန်းနှင့်သစ်မာ(သစ်လုံး/ခွဲသား) တန် ၁၉၀၀ ကျော်ကို တင်ဒါစနစ်ဖြင့် ရောင်းမည်”

10 Apr

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းပိုင်ကျွန်းနှင့်သစ်မာ(သစ်လုံး/ခွဲသား) တန် ၁၉၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အိတ်ဖွင့်တင်ဒါကြေညာချက်အရ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနမှ ကျွန်းသစ်လုံး(ရန်ကုန်) တန်၃၅၀ ခန့်၊ သစ်မာသစ်လုံး(နယ်) ၁,၂၅၀ တန်ခန့်နှင့် ကျွန်းခွဲသားတန် ၇၀ ခန့်၊ သစ်အခြေခံစက်မှုလုပ်ငန်းဌာနမှ ကျွန်းခွဲသားတန် ၂၇၀ ခန့် တို့ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၎င်းသစ်များကို လာမည့် မေလ ၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၊ တော်ဝင်ခန်းမမှာ ရောင်းချပေးသွားမှာဖြစ်ပြီး တင်ဒါကျင်းပမည့်ရက် ပြောင်းလဲမှုရှိပါက ထပ်မံအကြောင်းကြားပေးမည်ဖြစ်ကြောင်းလည်း မြန်မာ့သစ်လုပ်ငန်းမှ သိရပါတယ်။ စိတ်ပါဝင်စားတဲ့ MSMEs လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်သော ကုန်ကြမ်းများကို ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) နှင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု နိုင်သလို ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

10 Apr

ADVERTISE HERE .