“ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု”

10 Apr

နိုင်ငံတော်သမ္မတက အဆိုပြုထားတဲ့ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဗဟိုဘဏ်ဥက္ကဋ္ဌ တို့ကို အတည်ပြုကြောင်း ဧပြီလ ၉ ရက်နံနက်ပိုင်းမှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးပဉ္စမနေ့တွင် အတည်ပြုပေးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက၏ အတည်ပြုကြောင်း ကြေညာချက်အရ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်းနှင့် အဖွဲ့ဝင် (၉) ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးစိုးသိန်း၊ အဖွဲ့ဝင်များအဖြစ် ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းဘော်၊ ဦးကျော်စိုးညွန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်း၊ ဦးမင်းဟန်တို့ကို ခန့်အပ်ရန် အတည်ပြုပေးခဲ့ပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ကို ခန့်အပ်ရန် သဘောတူအတည်ပြုခဲ့ကြပါတယ်။ (NVS 004)

10 Apr

ADVERTISE HERE .