“ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့တဲ့ မက်စ်ဒေါင်းမန်း”

09 Apr

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ မက်စ်ဒေါင်းမန်း ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အသက် ၁၆ နှစ်နဲ့ ၉၇ ရက် သာ ရှိသေးတာကြောင့် ဘာစီလိုနာတိုက်စစ်ကစားသမား ယာမယ် ရဲ့ ၁၆ နှစ်၊ ၂၇၂ ရက်စံချိန်ကို ချိုးဖျက်ခဲ့ပြီး အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ၂၀၂၅ နွေရာသီမှာ စတင်ခေါ်ယူခြင်းခံခဲ့ရတဲ့ မက်စ်ဒေါင်းမန်း ဟာ အာဆင်နယ်အသင်းမှာ အသက်ငယ်ရွယ်မှု နဲ့ပတ်သက်တဲ့ စံချိန်သစ်များစွာ တင်နိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူဆိုတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မက်စ်ဒေါင်းမန်းဟာ အသက်မပြည့်သေးတာကြောင့် အာဆင်နယ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ အသက် ၁၇ နှစ်ပြည့်မြောက်မယ့် ဒီဇင်ဘာလမှသာ ချုပ်ဆိုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

09 Apr

ADVERTISE HERE .