“နည်းပြ စပယ်လက်တီ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိနေတဲ့ ဂျူဗင်တပ်စ်အသင်း”

09 Apr

ဂျူဗင်တပ်စ်အသင်းဟာ အီတလီနည်းပြ စပယ်လက်တီ ကို အခုတစ်ပတ်အတွင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း အီတလီမီဒီယာတချို့ကနေ ဖော်ပြခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် စပယ်လက်တီ ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကမှ ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ စပယ်လက်တီ က ဂျူဗင်တပ်စ်အသင်းကို ပြိုင်ပွဲစုံ ၃၁ ပွဲကိုင်တွယ်ရာမှာ ၁၇ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၆ ပွဲရှုံးရလဒ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နီးစပ်အောင် စွမ်းဆောင်ထားတာကြောင့် ဂျူဗင်တပ်စ်အသင်းက သက်တမ်းတိုးဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ဂျီနိုအာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် စပယ်လက်တီ အနေနဲ့ စီးရီးအေနိုင်ပွဲ ၃၀၀ ပြည့်မြောက်တဲ့ စတုတ္ထမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

09 Apr

ADVERTISE HERE .