“မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ မက်ဂွဲယား”

09 Apr

မန်ယူအသင်းက မက်ဂွဲယား ကို ၂ဝ၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နောက်ခံကစားသမား မက်ဂွဲယား ဟာ မန်ယူအသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အထိ ပြိုင်ပွဲစုံ ၂၆၆ ပွဲကစားကာ ၁၇ ဂိုးသွင်းယူခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ မက်ဂွဲယား က မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့နိုင်ခဲ့တာကြောင့် ပျော်ရွှင်နေပြီး ကစားသမားဘဝကို မန်ယူအသင်းမှာပဲ ကုန်ဆုံးသွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

09 Apr

ADVERTISE HERE .