“ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာက မှန်ကန်ခဲ့တယ်လို့ဆိုတဲ့ လူးဝစ်ဒီယက်ဇ်”
09 Apr
ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူးဝစ်ဒီယက်ဇ်က ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လူးဝစ်ဒီယက်ဇ် ဟာ လီဗာပူးလ်အသင်းမှာ အမာခံကစားသမားအဖြစ် ခြေစွမ်းပြပြီး ဆုဖလားအောင်ပွဲတွေ ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အခုရာသီမှာ လီဗာပူးလ်အသင်းက ရုန်းကန်နေရပြီး ဘိုင်ယန်မြူးနစ်အသင်းက ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေသလို၊ လူးဝစ်ဒီယက်ဇ် အနေနဲ့လည်း ဟာရီကိန်း၊ အိုလီဆေး တို့နဲ့တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြသ နေနိုင်တာကြောင့် လူးဝစ်ဒီယက်ဇ် က အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လူးဝစ်ဒီယက်ဇ် ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲ ၄၀ ကစားအပြီးမှာ သွင်းဂိုး ၂၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ထားပါတယ်။ (NVS 008)