“အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားမှုအပေါ် သတိမူလျက်ရှိသော်လည်း ယင်းနိုင်ငံ၏ ရည်ရွယ်ချက်ကို အကဲဖြတ်မည်ဟု အီရန်ပြော”

09 Apr

အီရန်နိုင်ငံသည် အမေရိကန်နှင့်အပစ်အခတ်ရပ်စဲထားရန် သဘောတူညီထားမှုအပေါ် သတိမူလျက် ရှိသော်လည်း ယင်းနိုင်ငံ၏ရည်ရွယ်ချက်ကို အကဲဖြတ်ရန်အတွက် အမေရိကန်နှင့်ဆွေးနွေးမှုများတွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် အလီဘာရိုင်နီ က ဧပြီလ ၈ ရက်တွင် ပြောကြားထားသည်။ အီရန်အနေဖြင့် တစ်ဖက်နိုင်ငံအပေါ် လုံးဝယုံကြည်မှုမရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကလည်း အသင့်အနေအထားရှိနေကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် တစ်ဖက်နိုင်ငံ သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ရည်ရွယ်ချက် မည်မျှအထိလေးနက်မှုရှိသည်ကို နားလည်နိုင်ရန် ဆွေးနွေးမှု များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘာရိုင်နီ က အမေရိကန်သတင်းဌာနတစ်ခုအား ပြောကြားသည်။ အီရန်နိုင်ငံသည် အမေရိကန်နှင့်အပစ်အခတ်ရပ်စဲရေးအတွက် ၎င်းတို့ကအဆိုပြုထားသည့် အချက် ၁၀ ချက် ပါ အဆိုပြုချက်တစ်ရပ်ကို အမေရိကန်အစိုးရထံ ပေးအပ်ထားပြီးဖြစ်သည်။ အမေရိကန်နှင့်အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်ခြင်းနှင့် အီရန်နိုင်ငံမှအဆိုပြုထားသော အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် အခြေခံ၍ ဆွေးနွေးမှုများစတင်ခြင်းသည် အီရန်နိုင်ငံအတွက် အောင်ပွဲတစ်ခုဖြစ်သည်ဟု ယူဆကြောင်း အမေရိကန်ပညာရှင်တစ်ဦးဖြစ်သူ မာလက်ဒူဒါကော့ က ဖော်ပြထားကြောင်း Iv သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

09 Apr

ADVERTISE HERE .