“အမေရိကန်နှင့်အီရန်နိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးရရှိစေရန် တူကီယဲထောက်လှမ်းရေးအေဂျင်စီက အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ဟုဆို”

09 Apr

အမေရိကန်နှင့်အီရန်နိုင်ငံတို့ကြား နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေးရရှိစေရန်အတွက် သံတမန်ရေးရာ ကြိုးပမ်းမှုများတွင် တူကီယဲထောက်လှမ်းရေးအေဂျင်စီက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တူကီယဲသတင်း မီဒီယာများ၏ ဧပြီလ ၈ ရက် ဖော်ပြချက်အရသိရသည်။ တူကီယဲအမျိုးသားထောက်လှမ်းရေးအေဂျင်စီသည် အနောက်နိုင်ငံများနှင့်အိမ်နီးချင်းအီရန်နိုင်ငံတို့ နှစ်ဖက်စလုံးနှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည့် အနည်းငယ်သော အဖွဲ့အစည်းများအနက်မှ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုက ဧပြီလ ၇ ရက် ညပိုင်းတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်အီရန်တို့အကြား ဖြစ်ပွားသည့်ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထောက်ပံ့မှုများကို ထိခိုက်စေခဲ့သည်။ ထို့ကြောင့် တူကီယဲထောက်လှမ်းရေးအေဂျင်စီ အနေဖြင့် ပင်လယ်လမ်းကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပွင့်လာစေရန်၊ နားလည်မှုလွဲမှားခြင်းများကို တားဆီးရန်၊ တင်းမာမှုများလျော့ကျစေရန်ရည်ရွယ်သည့် သတင်းစကားများဖြန့်ဝေပေးရန်၊ ပိုမိုပြင်းထန်သော ပဋိပက္ခများမဖြစ်ပွားစေရန်အတွက် အခြားထောက်လှမ်းရေးအဖွဲ့အစည်းအများအပြားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

09 Apr

ADVERTISE HERE .