“နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင် အပူဒဏ်အန္တရာယ်ကုသရေးအတွက် ပြင်ဆင်ထား”

09 Apr

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် (၃၀၀) ပြည်သူ့ဆေးရုံကြီး၌ အပူချိန်ပြင်းထန်တဲ့ နွေရာသီကာလမှာ အပူဒဏ်သင့်၍ လာရောက်ပြည်သသည့် လူနာများကိုကုသမှုပေးနိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရပါတယ်။ လေအေးပေးစက်များ တပ်ဆင်ထားတဲ့ သီးသန့်အခန်းများမှာ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ပြင်ဆင် ဖြည့်တင်းထားရှိခြင်း၊ ရေငွေ့ထုတ်ပန်ကာများ နှင့် ရေခဲသေတ္တာများ ပြင်ဆင်ထားရှိကြောင်း သိရပါတယ်။ ဆေးရုံဝန်ထမ်းများကိုလည်း အပူဒဏ်သင့်လူနာများအရေးပေါ်ကုသမှုအတွက် စနစ်တကျလေ့ကျင့်ထားပြီး အပူဒဏ်အန္တရာယ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .