“ရွှေတိဂုံစေတီတော်ကြီးတွင် နှစ်သစ်မင်္ဂလာအခမ်းအနားကို ဧပြီလ ၁၇ ရက်မှာ ကျင်းပပြုလုပ်သွားမည်”

09 Apr

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးမှာ နှစ်သစ်မင်္ဂလာအခမ်းအနားကို ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)မှာ ကျင်းပပြုလုပ်သွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါအခမ်းအနားကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးပြီး မနက် ၅ နာရီအချိန်မှာ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတွေနဲ့ ဆွမ်းတော်ကြီးဆက်ကပ်လှူတာ၊ မနက် ၅ နာရီခွဲအချိန်မှာ ဩဝါဒါစရိယဆရာတော်ကြီးတွေနဲ့ စောင့်ရှောက်ရေး သံဃာတော်တွေကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းတာတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် မနက် ၆ နာရီခွဲအချိန် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း မှာ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပခြင်းနဲ့ ဩဝါဒါစရိယဆရာတော်ကြီးတွေက အန္တရာယ်ကင်းပရိတ်တရားတော် များ နာကြားခြင်း၊ လှူဖွယ်ဝတ္ထုတွေဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဒါ့အပြင် မနက် ၇ နာရီ အချိန်မှာ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်မှာ ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲကို ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .