“ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေး အာဏာပိုင်များ ကြည့်ရှုစစ်ဆေး”

09 Apr

ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေးအတွက် အာဏာပိုင်များက ဧပြီလ ၇ ရက် က ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ အခုလိုစစ်ဆေးရာ မြေအသုံးချမှုများကို ကြည့်ရှုနိုင်ရန်ဝေဟင်မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးရေးဟောပြောပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ကျိုင်းတုံမြို့နယ် လွိုင်မွေမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌လည်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးရေး ဟောပြောပွဲကိုကျင်းပရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .