“လေဆိပ်မှာ ပြည်တွင်းပြည်ပထွက်ခွာမည့်ခရီးစဉ်များအတွက် ခရီးသည်အချက်အလက်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်မည်”

09 Apr

ဧပြီလ ၉ ရက်မှစတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ကြောင်း Myanmar Airways International (MAI)က အသိပေးထုတ်ပြန်ပါတယ်။ ဒါကြောင့် Myanmar Citizen ခရီးသည်များအနေနဲ့ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း မေတ္တာရပ်ခံထားပါတယ်။ လေယာဥ်လက်မှတ် booking ပြုလုပ်ရာ မှတ်ပုံံတင်အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန် နှင့် Check-in ကောင်တာ၌ Check-in ပြုလုပ်ရာမှာ မှတ်ပုံတင်အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ခရီးစဥ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန်နှင့် စစ်ဆေးရေး လုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ကြောင်းလည်း MAI က အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .